ဟောင်ကောင်ဆန္ဒပြသူများက နိုင်ငံတကာအကူအညီများ တောင်းဆို

၁၇ ဩဂုတ်

ဟောင်ကောင် တက္ကသိုလ်ကျောင်းသားများက အစိုးရဆန့်ကျင်ဆန္ဒပြမှုများအတွက် နိုင်ငံတကာ အားပေးထောက်ခံမှုများ ရရှိရန်ရည်ရွယ်ချက်ဖြင့် လူထုစည်းရုံးပွဲကို သောကြာနေ့ညနေပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဟောင်ကောင်ကျွန်း ပန်းခြံမှာ ပြုလုပ်တဲ့ ပွဲမှာ ပြည်သူ ခြောက်သောင်းကျော် တက်ရောက်ခဲ့အတွက် အနီးအနားမှာရှိတဲ့ လမ်းတွေပေါ်မှာပါ လူတွေပြည့်လျှံခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ပါတယ်။

အမေရိကန်အနေနဲ့ မည်ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမဆိုအရေးယူပေးဖို့ ပွဲစီစဉ်သူတွေက တိုက်တွန်းခဲ့ပါတယ်။ ဥပမာအနေနဲ့ ဟောင်ကောင်အာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းတဲ့ အရေးယူမှု သို့မဟုတ် ဦးစားပေးကုန်သွယ်မှုကို ပြန်လည်သုံးသပ်ပေးဖို့ စတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ 

အချို့သော ဗြိတိန်ဉပဒေအရာရှိတွေကလည်း ၁၉၉၇ ခုနှစ်မှာ လန်ဒန်ကနေ ပေကျင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ဟောင်ကောင်နဲ့အတူ ရပ်တည်သွားမယ်လို့ ရုပ်သံတစ်ခုမှာ ပြောခဲ့ပါတယ်။ ဟောင်ကောင်အစိုးရက ပြည်သူတွေရဲ့ အသံကို နားမထောင်ဘူး။ ဆန္ဒပြသူတွေကလည်း ကမ္ဘာမှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေ ထင်ဟပ်ပေါ်လွင်ဖို့ ပိုမိုလုပ်ဆောင်သွားလိမ့်မယ်လို့ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။ 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်