ဟောင်ကောင်က သကြားလုံးရောင်းသူတစ်ဦးရဲ့အနုပညာဖန်တီးမှု

၆ နိုဝင်ဘာ

 

ဟောင်ကောင်က သကြာလုံးဆိုင်ပိုင်ရှင် လူးဝစ်တို ဟာ သကြားရည်နဲ့ နဂါးတွေ၊ ပန်းတွေ စတဲ့ အနုပညာဖန်တီးမှုများ လုပ်ဆောင်ရန် ကတ်ကြေးတစ်လက်ရယ် တခြား ကိရိယာလေးတွေကို အသုံးပြုပါတယ်။ ဟောင်ကောင်ရဲ့ နာမည်ကြီး ဗစ်တိုးရီးယားဆိပ်ကမ်းမှာ တိုရဲ့ သကြားလုံး ဆိုင်လေးရှိပါတယ်။ အဲဒီဆိုင်လေးက အခုဆိုရင် ကမ္ဘာ့လှည့်ခရီးသည်များ လာကြည့်ရမယ့် နေရာများ စာရင်းမှာ ပါဝင်လာပြီ ဖြစ်လာပါတယ်။

 

တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း အရုပ်တွေ ဘယ်လိုလုပ်ရမယ်ဆိုတာကို လေ့လာခဲ့တယ်လို့ ပြောပါတယ်။

 

လူးဝစ်တို ကို တရုတ်နိုင်ငံတောင်ပိုင်း ချောင်ဇူးမှာ မွေးဖွားခဲ့တာဖြစ်ပြီး ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်း အစားအစာမရှိ၊ ဘာမှမရှိတဲ့အချိန် တခြားကလေးတွေက ကစားစရာတွေနဲ့ ကစားနေတာမြင်တဲ့အတွက် ကိုယ့်ဘာသာ ပုံစံတူကစားစရာလေးတွေ လုပ်ပြီး ကစားခဲ့ပါတယ်လို့ ပြောပါတယ်။

 

တိုရဲ့ အိမ်နီးချင်း သကြားလုံးရောင်းသူက စက်ဘီးတစ်စီးပေါ် သကြားအပူရည်တွေတင်ပြီး သကြားလုံး အရုပ်လေးတွေ ထုဆစ်ပြီး ရောင်းချပါတယ်။ အဲဒီလူရဲ့ သကြားလုံးအရုပ် ထုဆစ်ပုံတွေ အသေးစိတ်ကို မှတ်မိကြောင်း ပြောပြပါတယ်။

 

၁၉၈၀ ခုနှစ်များမှာ မော်စီတုန်းကွယ်လွန်ပြီး တရုတ်နိုင်ငံက တခါးဖွင့်အချမှာ တိုရဲ့ မိသားစုဟာ ဟောင်ကောင်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ကျောင်းနေစဉ်က တိုဟာ ပညာရေးဘက်မှာ အားမကောင်းခဲ့တဲ့အတွက် ကျောင်းကထွက်ပြီး သကြားလုံးနဲ့ အနုပညာဖန်တီးမှုကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP