ဟောင်ကောင်လေဆိပ်မှာ သုံးရက်ကြာဆန္ဒပြမယ့် အစီစဉ် စတင်လိုက်ပြီ

၉ သြဂုတ်


ဟောင်ကောင်မှာ ဒီမိုကရေးရရှိလှုပ်ရှားနေသူတွေရဲ့ လေဆိပ်မှာ သုံးရက်ကြာဆန္ဒပြမယ့် အစီစဉ်ကို ဒီကနေ့ (သောကြာနေ့) မှာ စတင်လိုက်ပြီဖြစ်ပါတယ်။  တရုတ်ပြည်မကြီးကို တရားခံလွဲပြောင်းရေးကို ဆန့်ကျင်တဲ့အနေနဲ့ ဟောင်ကောင်မြို့တွင်းမှာ ဆန္ဒပြနေတာ အခုဆိုရင် သုံးလအတွင်းကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ 


လေဆိပ်တွင်းက ဆန္ဒပြသူတွေဟာ ကိုယ်ပေးချင်တဲ့ သတင်းစကားတွေပါရှိတဲ့ ပိုစတာများ ကိုင်ဆောင်မယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာကနေတဆင့် “လွှတ်မြောက်ခြင်း က ဟောင်ကောင် သို့” နဲ့ “ဟောင်ကောင်ကို လာရောက်လည်ပတ်သူအား နွေးထွေးစွာလာခေါ်တာပါ” အစရှိတဲ့ ပိုစတာတွေကို ကိုင်ဆောင်ဖို့  လှုံ့ဆော်ထားပါတယ်။ 


ပထမအကြိမ် ဇူလိုင် ၂၆ ရက်နေ့က လေဆိပ်မှာ ဆန္ဒပြစဉ်က အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။ အခုကြိမ် ဆန္ဒပြပွဲဟာ သုံးရက်ကြာမယ်လို့ မျှော်လင့်ရပေမယ့် အာဏာပိုင်တွေရဲ့ ခွင့်ပြုမှုတော့ ရရှိခြင်းမရှိသေးကြောင်း သိရပါတယ်။  


ဆန္ဒပြပွဲ မစခင်ကတည်းက လေဆိပ်ကို လုံခြုံရေးပိုမိုချထားပြီး ဝင်ရောက်လာမယ့် ခရီးသည်တွေရဲ့ check-in area နေရာများမှာတော့ မဆိုင်သူတွေ မဝင်နိုင်အောင် တားမြစ်ထားပါတယ်။ လေဆိပ်အတွင်းမှာ ဆန္ဒပြနေပေမယ့် ပုံမှန်လည်ပတ်နေကြောင်းသိရပါတယ်။ 


MDN
ကိုးကား- AFP