ဟောင်ကောင်ရှိ ကျောင်းများကို ယနေ့ ပိတ်မည်

၁၄ နိုဝင်ဘာ

 

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် ဟောင်ကောင်ရှိ ကျောင်းများကို ယနေ့တွင် ပိတ်ပစ်လိုက်သည်။

 

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူများက တနင်္လာနေ့မှ စတင်ပြီး မြို့တွင်းရှိ ဘတ်စ်ကားများနှင့် မြေအောက်ရထား ဝန်ဆောင်မှုများကို နှောင့်ယှက်ခဲ့ကြပြီး ဆိုရှယ်မီဒီယာများကို အသုံးပြုပြီး ယာဉ်အသွားအလာများကို ပိတ်ဆို့များ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

 

ကျောင်းသားများ ဘေးကင်း လုံခြုံစေရေးအတွက် ယနေ့မှ စတင်ပြီး မူကြိုကျောင်းများ အပါအဝင် အဆင့်မြင့် ကျောင်းများအထိ ပိတ်ထားရန် ဟောင်ကောင်အစိုးရက ဆုံးဖြတ်ခဲ့သည်။

 

ယမန်နေ့က အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်များ အပါအဝင် အချို့ တက္ကသိုလ်များမှာ ဆောင်းရာသီ အားလပ်ရက်အဖြစ် ရက်သတ္တပတ် နှစ်ပတ် ပိတ်ထားသော်လည်း လက်ရှိ အတန်းများကိုလည်း ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ဟောင်ကောင်ရှိ တရုတ်ပြည်မကြီးမှ ကျောင်းသားများသည် ရဲတပ်ဖွဲ့မှ ထောက်ပံ့ပေးသည့် လှေတစ်စင်း ဖြင့်  ဗုဒ္ဓဟူးနေ့က ဘေးကင်းရာသို့ ထွက်ပြေးခဲ့သည်။

 

တရုတ်တိုင်ပေမှ ကျောင်းသားများသည် ဟောင်ကောင်မှ စတင်ထွက်ခွာခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်များသည် လူကူးမျဉ်းကြားပေါ်တွင် အရာဝတ္ထုများ ပစ်ပေါက်ခြင်း လမ်းများကို ပိတ်ဆို့ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ယမန်နေ့ညပိုင်းက ကူဝူလွန်း ကျွန်းဆွယ်နှင့် ဆင်ခြေဖုံး လူနေအိမ်များကို ဖျက်စီးမှုများ ထပ်မံပြုလုပ်ခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်