ဟောင်ကောင်ဥပဒေပြုလွှတ်တော်အဆောက်အအုံ အနီးတစ်ဝိုက်ကို ဆန္ဒပြသူများက ဝိုင်းထား

၁၂ ဇွန်

 


သံသယရှိသူများကို တရားရုံးတွင် အမှုရင်ဆိုင်ရန် တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းမည့် ဥပဒေမူကြမ်းဆွေးနွေးရန် ပြင်ဆင်သည့် ဥပဒေပြုအမတ်များရှိရာ ဟောင်ကောင် ဥပဒေပြုလွှတ်တော်အဆောက်အအုံ အနီးတစ်ဝိုက် တွင် ဆန္ဒပြသူများ စုရုံးခဲ့ကြသည်။

 


ဟောင်ကောင်ဥပဒေပြုကောင်စီက တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်း အပေါ် ယနေ့ စတင်စဉ်းစားလုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ဆန္ဒမဲပေးခြင်းကို  ဇွန် ၂၀ ရက်တွင် ကျင်းပမည် ဟု မျှော်လင့်ရသည်။

 


အင်္ဂ ါနေ့ညနှောင်းပိုင်းက  ထောင်ချီရှိသော ဆန္ဒပြသူများက ဥပဒေပြုလွှတ်တော်အဆောက်အအုံကို ဝိုင်းထားခဲ့ကြသည်။

 


ထိုဆန္ဒပြသမားများသည် ဥပဒေမူကြမ်းကို ဆန့်ကျင်သည့်စာတန်းများ ချိတ်ဆွဲထားကြပြီး သီချင်းများသီဆိုခဲ့ကြသည်။

 


ပြီးခဲ့သည့် တနင်္ဂနွေနေ့က လူပေါင်း တစ်သန်းကျော် ဆန္ဒပြခဲ့ကြသည်ဟု ပွဲစီစဉ်သူများက ဆိုသည်။

 


ရဲတပ်ဖွဲ့တာဝန်ရှိသူအများအပြားကို ထိုနေရာတွင် တပ်ဖြန့်ချထားခဲ့သည်။ ရဲတပ်ဖွဲ့က မြေအောက်ရထားဘူတာရုံအနီးနားရှိသောသူများကို ၎င်းတို့၏ သက်သေခံကတ်ပြားများပြသရန် မေတ္တာရပ်ခံခဲ့ကြပြီး ၎င်းတို့၏လွယ်အိတ်များကို ရှာဖွေခဲ့ကြသည်။

 


ဟောင်ကောင်အစိုးရက ဥပဒေမူကြမ်း ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသည်ကို အလွန်စိတ်ပျက်မိကြောင်း လူတစ်ဦးက ပြောကြားခဲ့သည်။ ဟောင်ကောင်အစိုးရ၏ သဘောထားပြောင်းလဲမည့် နောက်ဆုံးအချိန်အထိ သူ၏ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုသူက ဆိုသည်။ 

 


ဒီမိုကရေစီလိုလားသူများသည် ယနေ့မနက်ပိုင်းတွင် လူစုလူဝေးဖြင့်ဆန္ဒပြရန် စီစဉ်နေကြပြီး ယင်းဆန္ဒပြပွဲများကို  နောက်ဆုံးဆန္ဒမဲပေးသည့် အချိန်ထိ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်။  

     
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို