ဟီရိုရှီးမားတွင် ငှက်တုပ်ကွေးကြောင့် ကြက်အကောင်ရေ ၁၃၀၀၀၀ကျော်ကို သုတ်သင် 

တိုကျို  ၈ ဒီဇင်ဘာ 

ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားတွင် အိတ်ချ် ၅ ဗိုင်းရပ်စ်ကို ဒေသတွင်း မွေးမြူရေးခြံတွင် တွေ့ရှိရသည့်အတွက် ကြက်အကောင်ရေ ၁၃၄၀၀၀ ကျော် ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ရသည်ဟု သိရသည်။

ဒီဇင်ဘာ ၆ ရက်က မီဟာရာမြို့ရှိ မွေးမြူရေး ခြံတစ်ခြံတွင် ကြက်များ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံအရာရှိများက ပြောသည်။ ထို့ကြောင့် သေဆုံးသွားသည့်ကြက်များကို ဆေးစစ်ကြည့်ရာ ငှက်တုပ်ကွေး ဗိုင်းရပ်စ် တွေ့ရှိရသည်ဟု အရာရှိများကပြောသည်။ ခရိုင်အရာရှိများနှင့် ဂျပန် ကာကွယ်ရေးတပ်မှ အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၇ ရက်တွင် ကြက်ခြံများမှ ကြက်အကောင်ရေ ရှင်းလင်းရေးကို စတင်လုပ်ဆောင်သည်။
ယင်းလုပ်ငန်းကို ကူညီဆောင်ရွက်ပေးရန် လူပေါင်း ၈၆၀ ကို စေလွှတ်ပေး ခဲ့ရသည်။ ကြက်များတွင် အဆိုပါ ဗိုင်းရပ်စ်မည်သို့ ကူးစက်သည်ကို စုံစမ်းမည်ဟု ဒေသခံအစိုးရက ပြောသည်။ သေဆုံးသွားသော ကြက်များကို မြေပြင်တွင် မြှုပ်နှံခဲ့သည်။ အဆိုပါ ကြက်ခြံမှ ၃ ကီလိုမီတာအတွင်းရှိ ကြက်များနှင့် ကြက်ဥ များကို သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားသည်။

အဆိုပါ ဒေသတွင် ကြက်မွေးမြူရေးခြံကြီး ၁၃ ခုရှိသည်။ ထို့နောက် အာဏာ ပိုင်များသည် နေရာခုနှစ်ခုရှိ မွေးမြူရေးခြံကြီးများ၏ အဝင်အထွက်၌ ဆေးဖျန်း ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့သည်။ ကြက်ခြံများတွင် နောက်ထပ် ကြက်များ သေဆုံးခြင်း ရှိ မရှိကိုလည်း စစ်ဆေးစောင့်ကြည့်လျက်ရှိသည်။

အင်န်အိတ်ချ်ကေ