ဟိုင်းကြီးကျွန်းမြို့၌ စားအုန်းဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ဟိုင်းကြီးကျွန်း ဇွန် ၂၄

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စားအုန်းဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး အခြေခံအိမ်ထောင်စုများအား စားအုန်းဆီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချပေးနေခြင်းရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်စျေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုလုပ်ကြရန်၊ ကုန်စျေးနှုန်းတည်ငြိမ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် စားအုန်းဆီ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်နေမှုများအား ပြောကြားခဲ့ကြောင်း သိရသည်။

 

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)