ဟိုပင် ၊ပြင်ဦးလွင်၊ ပုသိမ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်  ၁၂  မတ်        

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် ည ၇ နာရီက ဟိုပင်မြို့၊ သဲခုန်ကျေးရွာနှင့် တကွင်းကျေးရွာသွားလမ်းတွင် မင်းသက်နိုင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိသည်။ အလားတူ ယင်းနေ့ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၂၇/၇)တွင် လီသား(ခ)ဧလိယ၏ TOYOTA SUCCEED အမျိုးအစားမော်တော်ယာဉ်နှင့် ယောဆက်၏TOYOTA WISH အမျိုးအစားမော်တော်ယာဉ်တို့ကိုရှာဖွေရာ ယောဆက်၏မော်တော်ယာဉ်မှ ဘိန်းဖြူ ၉၇၂ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ 

ထို့အတူ ယင်းနေ့နံနက် ၄ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် သော်လမောင်းနှင်ပြီး အိုက်လုံးနှင့် ဖြိုးသီဟ(ခ)အိုက်ဖြိုး တို့လိုက်ပါလာသည့် TOYOTA PARADO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ (စုစုပေါင်းစိတ်ကြွ ရူးသွပ်ဆေးပြား ၈၆၈,၀၀၀ )နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN