ဟိုပုံး၊ ပင်လောင်းနှင့် တန့်ယန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး

နေပြည်တော် ၁ ဖေဖော်ဝါရီ

ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဘိန်းစိုက်ခင်းများအား ဖျက်ဆီးလျက်ရှိရာ ဇန်နဝါရီ ၃၁ ရက်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၏အနောက်ဘက် ၆ ဖာလုံခန့် အကွာ၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၃)ဧကအား ဖျက်ဆီးခဲ့သည်။

အလားတူ ပင်လောင်းမြို့နယ်၊ လုံးကလိန်းကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ ဘိန်း စိုက်ခင်း(၆ ဒသမ ၅)ဧက၊ တန့်ယန်းမြို့နယ်၊ ဝိန်းမိုင်ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ ဘိန်းစိုက်ခင်း (၂)ဧကတို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

MDN