ဟိုပုံးကိုရင်လေးကျောင်းဝင်းနှင့် ဟိုတိကျေးရွာအား  Local Semi-Lock Down သတ်မှတ်ထားရှိ

ဟိုပုံး စက်တင်ဘာ ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုတိကျေးရွာနှင့် ဟိုပုံးကိုရင်လေးကျောင်းဝင်းနေရာတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် Local Semi-Lock Down သတ်မှတ်ခြင်းကို စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီအနေဖြင့် စက်တင်ဘာ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဟိုတိကျေးရွာနှင့် ဟိုပုံးကိုရင်လေး ကျောင်းဝင်း နေရာတို့အား Local Semi-Lock Down နေရာအဖြစ် သတ်မှတ်ကြောင်းနှင့် ၎င်းဧရိယာအတွင်း နေထိုင်သူများသည် စက်တင်ဘာ ရက်မှ ၂၃ ရက်အထိ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်သွားရမည် ဖြစ်ကြောင်းသိရသည်။

 

ဟိုပုံး(ပြန်/ဆက်)