ဟိုပုံးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ ၅၀၆ ဦးရှိ

ဟိုပုံး   ဇန်နဝါရီ    ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ ၂၉၉ ဦးနှင့် ပြင်ပဖြေဆိုသူ ၂၀၆ ဦး စုစုပေါင်း ၅၀၆ ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အထကကျောင်း ရှစ်ကျောင်းနှင့် အထက(ခွဲ)ကျောင်း နှစ်ကျောင်းတို့မှ အတွဲ(၁) ဖြေဆိုသူ အတွင်း/အပြင် ၃၄၇ ဦး၊ အတွဲ(၂)ဖြေဆိုသူ အတွင်း/အပြင် ၅၆ ဦး၊ အတွဲ(၇)ဖြေဆိုသူ အတွင်း/အပြင် ၁၀၃ဦး စုစုပေါင်း ၅၀၆ ဦးရှိကြောင်းနှင့် ယခင်နှစ်က စာစစ်ဌာန ငါးခုထားရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)