ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် ၂၈ အောက်တိုဘာ

         

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်     ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် JATA Tourism Expo အတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ (၂၄-၁၀-၂၀၁၉) ရက်နေ့မှ (၂၇-၁၀-၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယ အကြိမ်မြောက် ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

         

 

(၂၃-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိုကျိုမြို့၊ လွှတ်တော်အဆောက်အအုံ၌ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဌ၊ ဂျပန်ချယ်ရီဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ Mr. Ichiro AISAWA နှင့် အတွင်းရေးမှူးဖြစ်သူ Mr. Hiromichi WATANABE တို့အားတွေ့ဆုံခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် (Sakura) ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ခရီးသွားစွဲဆောင်မှု တိုးမြှင့်ရေးတို့အတွက် ရည်ရွယ်ကာ(၃)ကြိမ်တိုင် စိုက်ပျိုးခဲ့ပြီးဖြစ်ကာ ယခုလာမည့်နှစ်တွင် စတုတ္တအကြိမ်မြောက် ချယ်ရီပန်းစိုက်ပျိုးပွဲတော်အဖြစ် မြန်မာနိုင်ငံ၏  နေပြည်တော် နှင့်  ကယားပြည်နယ်တို့တွင် နေရာ(၃)နေရာ၌ စိုက်ပျိုးသွား ရန်လျာထားပါသဖြင့် အဆိုပါပွဲတော်သို့ ဥက္ကဌနှင့်အဖွဲ့အား ဖိတ်ကြားလိုပါကြောင်း၊ ယခုနှစ် JATA Tourism Expo-2019 သို့ မိမိတို့ မြန်မာနိုင်ငံ၊ ခရီးသွားအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဂျပန်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးနှင့် လွယ်ကူအဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ ယခင်နှစ်က စတင်ပြီးဗီဇာဖြေ လျော့ပေးမှုများ ပြုလုပ်ပေးခဲ့ရာ ဂျပန်ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာသည့် အတွက် ယခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က စတင်ပြီး ဗီဇာဖြေလျော့ပေးခြင်းကို ထပ်မံသက်တမ်းတိုးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊  ထို့အပြင်  မြန်မာနိုင်ငံတွင်လည်း ခရီးသွားဧည့်သည်များ နေရာဒေသအစုံ လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များကို ထပ်မံ တိုးချဲ့ဖော်ထုတ်လျက်ရှိပါကြောင်း၊ မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကို ခရီးသွား လုပ်ငန်းမှတဆင့် ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကာ Mr. Ichiro AISAWA က ယခုနှစ် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပပြုလုပ်သည့် JATA Tourism Expo-2019 သို့လာရောက်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီကာလတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားသွားမည်ဖြစ် ကြောင်း၊ လာမည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် စတုတ္တအကြိမ် ချယ်ရီပန်းစိုက်ပျိုးပွဲတော်သို့ တက်ရောက်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

 

         

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အုံ၊ သယ်ယူပို့ဆောင်ရေး နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးဖြစ်သူ Mr. Wada Masamune နှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံတွင် မကြာသေးခင်ကဖြစ်ပေါ်ခဲ့သော တိုင်ဖုန်းမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရပါ ကြောင်း၊ ဂျပန်ဘုရင်နန်းတက်ပွဲအခမ်းအနားအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ အဆိုပါ အခမ်းအနားသို့ မိမိတို့နိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်း တက်ရောက်ခဲ့ပါ ကြောင်း၊ လာမည့်နှစ်တွင် စတုတ္တအကြိမ် ချယ်ရီပန်းစိုက်ပျိုးပွဲတော်ကို ကျင်းပသွားမည် ဖြစ်ရာ အဆွေတော်တို့အား ဖိတ်ကြားလိုပါကြောင်း၊ နှစ်နိုင်ငံဝန်ကြီးဌာနချင်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် volunteer program များကအစ ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်းပြောကြားခဲ့ကာ ဒုတိယဝန်ကြီးက ယခုနှစ် ဂျပန်နိုင်ငံ၊ အိုဆာကာတွင် ကျင်းပပြုလုပ်သည့် ခရီးသွားပြပွဲနှင့် ဝန်ကြီးများအဆင့်စားပွဲဝိုင်း အစည်း အဝေးများသို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လာရောက်ခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဗီဇာဖြေလျော့ပေးခဲ့ပြီးကတည်းက ဂျပန်ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာခြင်းအတွက် ဝမ်းသာပါကြောင်း ထပ်မံဝင်ရောက်ရေးကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်များအတွက် မိမိတို့အနေဖြင့် အစီအစဉ်များချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ချယ်ရီပန်းစိုက်ပျိုးပွဲတော်သို့ ဂျပန်သတင်းဌာနများအပြင် အခြားနိုင်ငံရှိ မီဒီယာများ ပိုမိုလာရောက် သတင်းရယူနိုင်ရေး အတွက်ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

           

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ လွှတ်တော်အဆောက်အုံ၌ ဂျပန်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Ms.Tomoko Ukishima နှင့်အဖွဲ့ အားတွေ့ဆုံကာ ယခုနှစ်ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပသည့် ခရီးသွားပြပွဲသို့ ခရီးသွားအသင်းအဖွဲ့များအပြင် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ဂျပန်လူမျိုးအများစု ကြိုက်နှစ်သက်သော မြန်မာအစားအစာဖြင့် ချက်ပြုတ်ကျွေးမွေးသည့် အစီအစဉ်တစ်ခု ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ JICA ၏ ထောက်ပံ့မှုဖြင့် နယ်ပယ်အစုံ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိရာ  မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအချက်တစ်ခုဖြစ်သော အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တကရန်အတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးသွားအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ဂျပန်-မြန်မာဘာသာပြန် application program ပြုလုပ်ပေးသည့်အတွက် ခရီးသွားဧည့်သည်များအတွက်များစွာ အကျိုးကျေးဇူးရရှိပါကြောင်း ဆွေးနွေးခဲ့ကာ လွှတ်တော်အမတ်က ပြန်လည်ပြောကြားရာတွင်  မိမိအနေဖြင့် ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကမ်းလှမ်းချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ​ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိုဆာကာမြို့၌ ကျင်းပပြုလုပ်သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ နှင့် တတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်းဝန်ကြီးများ  အဆင့်စားပွဲဝိုင်းဆွေးနွေး ပွဲသို့တက်ရောက်ရန်အတွက် တိုကျိုမြို့မှ ဆက်လက်ထွက်ခွာခဲ့ပါသည်။

 

         

(၂၄-၁၀-၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Hyatt Regency Osaka ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ဂျပန်ခရီးသွားပြပွဲ-၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး  ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဟိုတယ်၌ ပြုလုပ်သည့် ခရီးသွားလုပ်ငန်းဝန်ကြီးများ အဆင့်မျက်နှာစုံညီ စားပွဲဝိုင်းဆွေးနွေးပွဲသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံပေါင်း (၂၃)နိုင်ငံမှ ခရီးသွားဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ပြပွဲသို့တက်ရောက် လာကြသော သတင်းမီဒီယာများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ပတ်သက် ပြီးမေးမြန်းချက်များအား  ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

 

         

(၂၅-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဂျပန် ခရီးသွားပြပွဲ-၂၀၁၉ ကျင်းပရာနေရာ၊ မြန်မာပြခန်း၌ Mekong Tourism Coordinating Office (MTCO) ၏ Executive Director က လာရောက်တွေ့ဆုံရာတွင် ၄င်းအနေဖြင့် လာမည့်နှစ်တွင် Mekong Tourism Forum ကို မြန်မာနိုင်ငံ၏ မကြာသေးခင်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည့် ပုဂံဒေသ၌ လာရောက်ကျင်းပလိုကြောင်း၊ ဖိုရမ်နှင့် အစည်းအဝေးများ ကျင်းပနေစဉ်ကာလအတွင်း ခရီးသွားစွဲဆောင်မှုရှိသည့်နေရာ များသို့ အစည်းအဝေး တက်ရောက်လာသူများအား ပို့ဆောင်ပေးလိုပါကြောင်း ပြောကြားရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ဖိုရမ်နှင့် အစည်းအဝေးများ ကျင်းပခြင်းကို မူအရ သဘောတူပါကြောင်း၊ လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် Mekong Tourism Coordination Office အနေဖြင့် တတ်စွမ်းသမျှ ကူညီပေးသွားစေလိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

 

1

 

         

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Japan Association of Travel Agents (JATA) ၏ ဥက္ကဌနှင့် အဖွဲ့အားတွေ့ဆုံကာ  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောက်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေ အနှစ်များကိုလည်း ထိန်းသိမ်းကာကွယ်ပြီး လုပ်ဆောင်နေပါကြောင်း၊ ယခုလာမည့်ကာလ အပိုင်းအခြားတွင် ဂျပန်နိုင်ငံ၏ ခရီးသွားအေဂျင်စီများ၊ မီဒီယာများပါဝင်သည့် အဖွဲ့များ အတွက် FAM Trip ပြုလုပ်ပေးသွားမည့်အစီအစဉ်ရှိရာ ဥက္ကဌနှင့်အဖွဲ့အား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်လိုပါကြေင်း၊ ဂျပန်ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရေးအတွက် ဗီဇာဖြေလျော့ပေးမှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ JATA အနေဖြင့်လည်း ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်နိုင်ရေးအတွက် ကြိုးစား ပေးစေလိုပါကြောင်း၊ ယခုနှစ်အခမ်းအနားသို့ ဖိတ်ကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-ဂျပန်ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း ပြောကြားခဲ့ရာ JATA ၏ ဥက္ကဌက မြန်မာနိုင်ငံအနေဖြင့် ခရီးသွားဖွံ့ဖြိုး တိုးတက်ရန်အတွက် အလားအလာကောင်းများ ရှိနေပါ​ကြောင်း၊ မိမိတို့အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း၊ ဗီဇာဖြေလျော့ပေးမှုများ ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပုဂံဒေမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း မိမိတို့ JATA အဖွဲ့အစည်းအောက်ရှိ အာရှခရီးသွားမြှင့်တင်ရေးကော်မတီတွင် စိတ်ဝင်စားသော နေရာတစ်ခု၌ ပါဝင်လျက်ရှိနေပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင် စုဝန်ကြီးသည်  မြန်မာနိုင်ငံတွင် ဂျပန်ချယ်ရီပန်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးရိုးဗီဇပြောင်း လဲပြုပြင်လုပ်ဆောင်ပေးသည့် ဂျပန်နိုင်ငံချယ်ရီပန်းပညာရှင် Mr. Terumi TAKAOKA အား တွေ့ဆုံခဲ့ပြီး စတုတ္တအကြိမ်မြောက် ချယ်ရီပန်းစိုက်ပျိုးရေးပွဲတော် ပြုလုပ်နိုင်ရေးကိုဆွေး နွေးခဲ့ကြကာ မြန်မာပြခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

         

ညနေပိုင်းတွင် မြန်မာနိုင်ငံ၏ပြခန်း၌ မြန်မာညနေခင်းအစီအစဉ်ကို ပြုလုပ်ခဲ့ရာ နိုင်ငံပေါင်းစုံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများ၊ လေ့လာသူများ လာရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

သတင်းစဉ်