ဟွန်ဒူးရပ်စ်အကျဉ်းထောင်၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် အကျဉ်းသား ငါးဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ဇွန် ၁၈

 

ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က ပြိုင်ဘက်ဂိုဏ်းများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် အကျဉ်းသားငါးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားရေးအာဏာပိုင်များက ပြောကြားသည်။

 

ထိုဖြစ်ရပ်သည် မော်ရိုကလီမြို့ရှိ လာတိုလ်ဗာအကျဉ်းထောင်၌ မနက်ပိုင်းတွင်  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အကျဉ်းထောင်သို့ လူနာတင်ကာများ အများအပြားရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို တီဂူစီဂလာပါ မြို့တော်ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါပဋိပက္ခတွင်  ၃၉ ဦး ဒဏ်ရာရရှိခဲ့သော်လည်း  ၁၅ ဦးသာ ဒဏ်ရာရရှိသည်ဟု ဒေသန္တရမီဒီယာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို