ဟွန်ဒူးရပ်စ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃၄ဦးအထိရှိ

၁၁ ဇွန်

 

ဟွန်ဒူးရပ်စ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၄ဦး ရှိပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲ ဂူစတာဗို အန်ဘန်နာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 

လူပေါင်း ၃၅၉၈ဦးမှာ ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါခံစားရလျက်ရှိပြီး၊ လူပေါင်း ၆၇၉၂ဦးမှာ အပျော့စား သွေးလွန်တုပ်ကွေးခံစားရလျက်ရှိသည်။ သွေးလွန်တုပ်ကွေး ဖြစ်သူ စုစုပေါင်း ၁၀၃၉၀ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

 

သေဆုံးသူများမှာ နိုင်ငံမြောက်ပိုင်း အတ္တလန်တီတာ၊ ကော်တစ်နှင့် ယိုရိုဒေသ၊ တောင်ပိုင်းရှိ ချိုလူတီကာ ဒေသ၊ အရှေ့မြောက်ပိုင်းရှိ အိုလန်ချိုဒေသနှင့် အနောက်ပိုင်းရှိ ဆန်တာဘာဘရာဒေသတို့ဖြစ်သည်။

 

၂၀၁၇ခုနှစ်တွင် သွေလွန်တုပ်ကွေးဖြစ်ပွားသူ ၅၂၁၇ဦးရှိခဲ့ပြီး၊ ၂၀၁၈ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားသူ ၉၁၁၁၄ဦး မြင့်တက်ခဲ့ကြောင်း ဟွန်ဒူးရပ်စ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်