ဟင်္သာတ ဇွန် ၁

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူးရုံးတွင် ခရိုင်အတွင်းရှိ မြို့နယ်များမှခရိုင်အဆင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း ၂/၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားပြီး ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

 

အဆိုပါသင်တန်းကို ဇွန် ၁ ရက်မှ ၅ ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ရာ သင်တန်းသား ၆၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးဟိန်းထက်