ဟင်္သာတ ဇူလိုင် ၂၂

 

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ဟင်္သာတမြို့နယ်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစံပြစိုက်ခင်း ထွန်တုံးပိတ်စိုက်ပျိုးပွဲကို ဇူလိုင် ၂၁ ရက်က နတ်မော်ကျေးရွာအုပ်စု ကရင်စုကျေးရွာ၌ ကျင်းပသည်။

 

ထွန်တုံးပိတ်စိုက်ပျိုးပွဲကို တောင်သူ ဦးလှစိုး၏ လယ်မြေ ၅ ဧက၊ ဟင်္သာတ-ပုသိမ် ကားလမ်းဘေး၌ ပြုလုပ်ရာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြည့်ရှုကြသည်။ ဆင်းသုခစပါးမျိုး မိုးစပါးစံပြစိုက်ခင်းထွန်တုံးပိတ်ပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှကြည်နှင့် ဘာသာရပ်ဆိုင်ရာ ပညာပေးအဖွဲ့က မျိုးသန့်၊ မျိုးစေ့ထုတ်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)နှင့် တောင်သူများ သိလိုသည့်အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)