ဟင်္သာတ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနှင့် ပြည်သူများအတွက် သန့်ရှင်းသပ်ရပ်သော လူနေမှုပတ်ဝန်းကျင် ဖန်တီးနိုင်ရေးရည်ရွယ်၍ ယမန်နေ့က မြဝတီရပ်ကွက်၊ ကနောင်စုရပ်ကွက်နှင့် လယ်တော်ကျေးရွာအုပ်စုရှိ မြို့ဝင်လမ်းမကြီး၏ လမ်းဘေး ဝဲ/ယာ တစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများတူးဖော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


