ဟင်္သာတမြို့နယ်တွင် Grade-5 သင်ရိုးသစ် TOT (ဗဟိုအဆင့် နည်းပြသင်တန်း) ဖွင့်လှစ်သင်ကြားလျက်ရှိ

ဟင်္သာတ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာ Grade-5 သင်ရိုးသစ် TOT (ဗဟိုအဆင့် နည်းပြသင်တန်း) ကို ဟင်္သာတမြို့ အ.ထ.က (၅) အမျိုးသားခန်းမတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားသင်တန်းသူ ဆရာ/ဆရာမ ၉၄ ဦး တက်ရောက်ခဲ့သည်။

သင်တန်းကာလကို ၆ ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ အွန်လိုင်းစနစ်ဖြင့် တက်ရောက်သင်ယူရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက အဆိုပါ နည်းပြဆရာ/ဆရာမများမှ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီးဦး ဦးလှမြင့်ထံက သိရသည်။

ကိုဇော်-ဟင်္သာတ