ဟင်္သာတ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့နယ် ဥယျာဉ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစား ပြိုင်ကွင်း၌ ကျင်းပသည်၊၊
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယှဉ်ပြိုင်ကစားမည်
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း အသင်းသား ၂၂၀ တို့က ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


