ဟင်္သာတတက္ကသိုလ် ဘောလုံးကွင်းသစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ဟင်္သာတ ၂၆ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတက္ကသိုလ်တွင် မီတာ ၄၀ဝ ပြေးလမ်းပါ ဘောလုံးအားကစားကွင်း ဖွင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက အားကစားကွင်းသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ပါမောက္ခချုပ် ဒေါက်တာတင်ထွေးတို့က ဘောလုံးအားကစားကွင်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူလေးများ၏ သီချင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးကွင်းသည် အလျား (၆၀ဝ) ပေ၊ အနံ (၄၀ဝ)ပေရှိပြီး မီတာ (၄၀ဝ)ပြေးလမ်းပါ ဘောလုံးကွင်း အမျိုးအစားဖြစ်ကြောင်း သိရသည်။ အလားတူ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများလိုက်ပါသည့် အဖွဲ့သည် ကွန်ပျူတာ တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်များရှိ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)

 

mdn