Honda ၏ နည်းပညာအသစ် တီထွင်ဖန်တီးမှု လျှပ်စစ်ဆိုင်ကယ်များ မိတ်ဆက်

ဇွန် ၁၃

 

Honda ၏ နည်းပညာအသစ် တီထွင်ဖန်တီးမှု လျှပ်စစ်ဆိုင်ကယ်များ မိတ်ဆက်ခြင်းနှင့် customer များထံ အပ်နှံခြင်းကို ဇွန် ၁၂ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဟွန်ဒါဆိုင်ကယ်အရောင်းပြခန်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် NCX Myanmar မှ ဈေးကွက်မန်နေဂျာက သဘာဝပတ်ဝန်းကျင်အကျိုးပြု Honda U Go လျှပ်စစ်ဆိုင်ကယ်များကို တင်သွင်းခြင်းဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု မရှိသည့်အပြင် လောင်စာဆီသုံးစွဲမှုကိုပါ လျှော့ချပေးနိုင်သည့်အတွက် ပတ်ဝန်းကျင်ကို များစွာအကျိုးပြုကြောင်း ပြောကြားသည်။

 

Honda U Go လျှပ်စစ်ဆိုင်ကယ်များကို ၂၀၁၉ မော်ဒယ်နှင့်အထက် ဟွန်ဒါဆိုင်ကယ်များနှင့် လဲလှယ်ဝယ်ယူနိုင်ရန် စီစဉ်ပေးခြင်း၊ အငှားဝယ်ယူမှု စီစဉ်ဆောင်ရွက်ပေးခြင်းအပြင် လက်ငင်းငွေချေစနစ် ငွေကျပ် ၄၉၀၀၀၀ဝ ဖြင့် (၃)နှစ် အာမခံရောင်းချပေးလျက်ရှိသည်။ Honda U Go ဝယ်ယူသူများအား အရောင်းပြခန်းများတွင် အခမဲ့(၁)နှစ် အခမဲ့အားသွင်းခွင့်၊ (၄)လတစ်ကြိမ် အိမ်တိုင်ရာရောက် အခမဲ့ လာရောက်စစ်ဆေးပေးခြင်းနှင့်အတူ ဘက်ထရီ အခမဲ့ငှားရမ်းသုံးစွဲခွင့်များ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဆက်လက်၍ ကြိုတင်အမှာစာပေးပို့ထားသော Customer များအား ဆိုင်ကယ်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

သီဟကိုကို(မန္တလေး)