ဟုမ္မလင်းမြို့အနီး ၄ ဒသမ ၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော်၊ ၄ ဇွန်

၂၀၂၁ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၂)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၆)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၁)ဒီဂရီ၊ အနက်(၃၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပသည်။

Credit-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန