ဟုမ္မလင်း ဇူလိုင် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလာနိုင်သဖြင့် မြေနိမ့်ပိုင်းများနှင့် ရေဝင်ရောက်နိုင်သည့် နေရာများတွင် နေထိုင်ကြသည့်ပြည်သူများကြိုတင်သတိပြု နေထိုင်စေရေး အသိပေးနှိုးဆော်မှုကို ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့ အနီးတစ်ဝိုက် ချင်းတွင်းမြစ် ကမ်ဘေးတစ်လျှောက်၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးသန်းဌေးတို့က ဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းကာ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ၊ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်စေရေး လိုက်လံနှိုးဆော်ခြင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

ဟုမ္မလင်း (ပြန်/ဆက်)