ဟုမ္မလင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ

ဟုမ္မလင်း မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာ၀ဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် တာဝန်ရှိသူများက မေ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဟုမ္မလင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်စ်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်အမြန်ဆောင်ရွက်နိုင်ရန်၊ ပျက်ဆီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသကဲ့သို့ လူ၊ ပစ္စည်းနှင့် စက်ပစ္စည်းများ၊ စားသောက်ကုန်များ စုဆောင်းထားရှိပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၂၆ ဦး ဖွဲ့စည်းထားရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)