ဟူစတန်မြို့၌ မုန်တိုင်းထန်ခြင်းကြောင့် လေးဦးသေဆုံးပြီး အပျက်အစီးများပြား

ဟူစတန်   မေ  ၁၇

အမေရိကန်ပြည်ထောင်စု  တက္ကဆက်ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သော ဟူစတန်မြို့၌      မေ  ၁၆    ရက်  ညပိုင်းက မုန်တိုင်းထန်သည့်အတွက် လေးဦးသေဆုံးပြီး  အပျက်အစီးများပြား ခဲ့ကြောင်း     သိရသည်။

မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ် မီးပြတ်တောက်မှုများနှင့် မြို့တော် အနှံ့ ဖရိုဖရဲဖြစ်မှုများ ဖြစ်ပေါ်ခဲ့ရ သည်ဟု  ဟူစတန်မြို့တော်ဝန် ဂျွန်ဝှစ်မိုင်ယာက  အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူ   လေးဦးအနက် နှစ်ဦးမှာ  သစ်ပင်ပိ၍ သေဆုံးခြင်းဖြစ်သည်ဟု  ဟူစတန်မြို့ မီးသတ် အကြီးအကဲဖြစ်သူ  ဆမ်မြူရယ်ပီနာက သတင်းထောက်များကို ပြောသည်။ ကျန်နှစ်ဦးမှာ လေပြင်း ကြောင့် ဝန်ချီစက်ပိမိကာ သေဆုံးခြင်းဖြစ်သည်။   မုန်တိုင်းကြောင့် သစ်ပင်များအမြစ်မှ ကျွတ်ထွက် ခြင်း၊  လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် လမ်းများတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းတို့ ပေါ်ပေါက်ခဲ့သည်။

ဟူစတန်မြို့လယ်ရှိ ရုံးခန်းများတွင်လည်း ပြတင်းပေါက်များ ပျက်စီးခဲ့ရသည်။ ယခုလအစော ပိုင်းကလည်း ဟူစတန်မြို့ ဧရိယာအပါအဝင် တက္ကဆက်အရှေ့ပိုင်းတစ်ခွင်     မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်မှုနှင့် ကြောက်မက်ဖွယ် ရေကြီးမှုတို့ကြောင့် ဘေးလွတ်ရာသို့  ရွှေ့ပြောင်းရခြင်းနှင့် ကျောင်း များ ပိတ်ထားရခြင်းတို့ လုပ်ဆောင်ခဲ့ရသည်။                   

ဆင်ဟွာ