ဟူသီသူပုန်များ ဖမ်းဆီးထားရာမှ တောင်ကိုရီးယားနိုင်ငံသားနှစ်ဦး ပြန်လွတ်လာ

၂၀ နိုဝင်ဘာ

ယီမင်ရှိ ဟူသီသူပုန်များဖမ်းဆီးထားရာမှ တောင်ကိုရီးယား သင်္ဘောသားနှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန က ယနေ့ ပြောကြားခဲ့သည်။

ယီမင်သူပုန်များသည် နိုင်ငံရပ်ခြား သင်္ဘောသုံးစင်းတွင်ပါရှိသော တောင်ကိုရီးယား သင်္ဘောသားနှစ်ဦးအပါအဝင် ၁၆ ဦးလုံးကို ယနေ့မနက်အစောပိုင်းက ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါ သူပုန်များသည် ထိုသင်္ဘောသားများကို ပြီးခဲ့သည့် တနင်္လာနေ့မနက်အစောပိုင်းက ဖမ်းဆီးခဲ့ပြီးနောက် ၄၅ နာရီခန့်အကြာတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းသို့လွတ်မြောက်လာသော တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးအနက် တစ်ဦးမှာ အသက် ၆၀ နှစ်အရွယ်ရှိ ကင်ဆိုသူဖြစ်ပြီး ၅၀ တန်ဆွဲသင်္ဘော၏ရေယာဉ်မှူးဖြစ်ကြောင်း နှင့် နောက်တစ်ဦးမှာ ၈၃၂ တန် တူးဖော်ရေးတူးစင်၏ အင်ဂျင်နီယာချုပ် လီ အသက် ၆၀နှစ် ဖြစ်ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားသင်္ဘောများပေါ်ရှိ အခြားနိုင်ငံခြားသားနှစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ၎င်းသင်္ဘောများကို တောင်ကိုရီးယားကုမ္ပဏီ Woongjin Development Co. က ပိုင်ဆိုင်သည်။

တတိယမြောက်သင်္ဘောမှာ  ဆော်ဒီအာရေဗျ နိုင်ငံ၏ ၅၄၅ တန်ဆွဲသင်္ဘောဖြစ်ကာ နိုင်ငံခြားသား ၁၀ ဦးကို တင်ဆောင်လာသည်ဟု ထို ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ အိုမန် နှင့် အာရပ်စော်ဘွားမျာပြည်ထောင်စုတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရလဒ်ကြောင့် ထိုသူပုန်များမှ ဖမ်းဆီးရမိသူအားလုံးကို ပြန်လွှတ်ပေးခဲ့ခြင်းသည်  ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို