International Future Series ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယဆုသာရရှိ

၂၂ စက်တင်ဘာ

 

မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့် International Future Series ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ သက်ထားသူဇာသည် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိန္ဒိယကစားသမား မယ်လ်ဗီကာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။ 

 


သက်ထားသူဇာသည် ချန်ပီယံဆုရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရသင့်သည့် အမှတ်များ ရယူနိုင်ခြင်းမရှိသောကြောင့် ၂၅-၁၃ မှတ်၊ ၂၅-၁၁ မှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုလအတွင်းယှဉ်ပြိုင်သည့် ပြိုင်ပွဲများတွင် ချန်ပီယံဆုနှင့် လွဲချော်နေပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ပြိုင်ပွဲတွင် တတိယဆုသာရခဲ့သလို ယခုပြိုင်ပွဲတွင်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။သက်ထားသူဇာသည် စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ မော်လ်ဒိုက်နိုင်ငံ၌ ဆက်လက်ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း