iPhone မှာ ဆော့ဝဲ အဆင့်မြှင့်တင်လိုက်ရင် ဘတ္ထရီ သက်တမ်းနည်းသွား

၂၅ ဇန်နဝါရီ

 

iPhone ရဲ့ ဘတ္ထရီသက်တမ်းနဲ့ပတ်သတ်ပြီး ဖုန်းပိုင်ရှင်တွေ အကြောင်းပြန်ဖို့ Apple ကုမ္ပဏီ အချိန်ဆွဲထားတာ ဗုဒ္ဓဟူးနေ့အထိ ရောက်လာခဲ့ပါပြီ။ Apple ကုမ္ပဏီထုတ် Mac ကွန်ပြူတာတွေမှာ ဘတ္ထရီသက်တမ်းကို လွယ်လင့်တကူ စစ်ဆေးသိရှိနိုင်မယ့် iPhone နဲ့ iPad  ရဲ့ ဘတ္ထရီသက်တမ်း ကြာချိန်ကိုသိနိ်ုင်တဲ့ အချက်လက်ကိုတော့ မပေးဘဲ ငြင်းပယ်ထားပါတယ်။

 

Apple ကုမ္ပဏီဟာ iPhone ရဲ့ ဘတ္ထရီခံနိုင်မှုနဲ့ ဘတ္ထရီ လဲလှယ်ရန် လိုအပ်မှု ရှိ၊မရှိ ဆန်းစစ်နိုင်ဖို့ iOS မောင်းနှင်မှု စနစ်ကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီလို အဆင့်မြှင့်လိုက်တာဟာ သုံးစွဲသူတွေအတွက် ဖုန်းရဲ့ ဘတ္ထရီအားနည်းလာချိန်မှာ စွမ်းဆောင်ရည် ကျဆင်းသွားစေတဲ့ အချို့ ဆော့ဖ်ဝဲလ်တွေကိုလည်း ပိတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုမ္ပဏီရဲ့ အသိပေးချက်အရ ဖုန်းထဲက အချို့ဆော့ဖ်ဝဲတွေဟာ ဘတ္ထရီ အားနည်းလာချိန်မှာ အသုံးပြုရ နှေးကွေးလာကြောင်း သိရပါတယ်။ အဆိုပါ ဘတ္ထရီ ပြဿနာကြောင့် iPhone အသုံးပြုသူတွေကို တောင်းပန်ထားရပြီး ဘတ္ထရီ ပြန်လဲလှယ်ဖို့ လိုအပ်လာရင်လည်း ၇၉ ဒေါ်လာပေးနေရာ ကနေ ၂၉ ဒေါ်လာထိ ဈေးနှုန်း လျှော့ချပေးခဲ့ပါတယ်။

 

ဝေဖန်သူတွေကတော့ ဖုန်းဟာ အားပြန်သွင်းလို့ ရမရကိုလည်း မသဲကွဲကြောင်းနဲ့ ဘတ္ထရီပြဿနာဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပျက်စီးစေကြောင်း ထောက်ပြ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဘတ္ထရီ ပြဿနာကို ဖြေရှင်းဖို့ ကုမ္ပဏီဘက်က ပွင်းလင်းမြင်သာမှု မရှိဘဲ အသုံးပြုသူတွေကို ဘတ္ထရီလဲပေးဖို့ထက် အသစ်တစ်လုံး ထပ်ဝယ်ကြဖို့ တွန်းအားပေးနေတယ်လို့လဲ ၎င်းတို့က ပြောဆိုထားပါတယ်။

 

Apple ရဲ့ အမှုဆောင်ချုပ် Kyle Wiens ကတော့ ဘတ္ထရီကို ထုတ်ယူစစ်ဆေးခဲ့ပြီး ပြန်လည် ပြင်ဆင်နိုင်တဲ့ နည်းလမ်းကို အပိုပစ္စည်း အရောင်းဆိုင်တွေဆီ ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ထုတ်ယူခဲ့ခြင်း မရှိသလို ဟန်ဆောင်နေခဲ့ကြောင်းနဲ့ ဒီလို ဟန်ဆောင်နေခဲ့တာဟာ သူတို့အတွက် ဒေါ်လာသန်းချီပြီး အမြတ်အစွန်း ရစေကြောင်း ရိုက်တာသတင်းကို ပြောပါတယ်။ Apple ကုမ္ပဏီဟာ လုံခြုံရေး အကြောင်းပြချက်များနဲ့ App Store ပေါ်က ဘတ္ထရီ ကြံ့ခိုင်ရေး အက်ပလီကေးရှင်း တွေကို ပယ်ဖျက်ထားပါတယ်။

 

၂၀၁၆ ခုနှစ်က အဆင့်မြှင့်တင်မှု ပြုလုပ်ပြီးနောက်ပိုင်း ဆော့ဖ်ဝဲလ် နည်းပညာသမားအချို့ရဲ့ ဆော့ဖ်ဝဲလ်တွေဟာ iPhone ပေါ်မှာ ကန့်သတ်ချက်တွေကို ရင်ဆိုင်လာရပါတယ်။ ၎င်းတို့ရဲ့ ဆော့ဖ်ဝဲလ်ဟာ iPhone မှာ အားကုန်တဲ့အကြိမ်နဲ့ အားသွင်းမှု အကြိမ် အရေအတွက်ကို ရေတွက်တဲ့ အားသွင်းမှုအချက်ပြစနစ်ကို ရပ်တန့်သွားစေတာမျိုး ဖြစ်ပေါ်လာပါတယ်။ Lirum Labs ဆော့ဖ်ဝဲလ်ကုမ္ပဏီက တာဝန်ရှိသူ Rogerio Hirooka ရဲ့ ပြောကြားချက်အရ ၎င်းကုမ္ပဏီက bug-fix အက်ပလီကေးရှင်းဟာ ဘတ္ထရီပြဿနာ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ပယ်ဖျက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ အက်ပလီကေးရှင်းဟာ သုံးစွဲသူကို စိတ်အနှောက်အယှက် ဖြစ်စေပြီး မတိကျတဲ့ လုပ်ဆောင်ချက်တွေကြောင့် ပယ်ဖျက်ခံရတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ Apple ကုမ္ပဏီဘက်ကတော့ အဆိုပါ အက်ပလီကေးရှင်းဟာ iPhone ရဲ့ iOS မောင်းနှင်မှု စနစ်နဲ့ လိုက်လျောညီထွေမှု မရှိလို့ပါလို့ပဲ တုံ့ပြန်ထားပါတယ်။

 

အဆင့်မြှင့်တင်မှု မလုပ်ခင်ထိ သုံးစွဲနိုင်တဲ့ လစ်သီယမ်အိုင်းယွန်း ဘတ္ထရီတွေဟာလည်း စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်လို့ အကြောင်းပြထားပြီး Apple ကုမ္ပဏီဘက်ကတော့ တိကျတဲ့ အချက်အလက်တွေ ထုတ်ပြန်မထားပါဘူး။

 

iPhone ရဲ့ ဘတ္ထရီကို စစ်ဆေးလိုပါက Apple Store မှာ ဒါမှမဟုတ် Third – party software တစ်ခုခု ထည့်သွင်းမောင်းနှင်ထားတဲ့ Mac ကွန်ပျူတာမှာ ချိတ်ဆက် စစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။ ဘတ္ထရီအတွက် နည်းလမ်းရှာဖွေနေတဲ့ အခြား နည်းပညာကုမ္ပဏီတွေနဲ့ Apple ကုမ္ပဏီဟာ ဝေဖန်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

MDN

ကိုးကား -ရိုက်တာ