ISTAF World Cup 2024 ပြိုင်ပွဲ၏ သုံးယောက်တွဲပွဲစဉ်တွင် မြန်မာပိုက်ကျော်ခြင်းအသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် တက်ရောက်

ရန်ကုန်၊ မေ ၂၀

ISTAF World Cup 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲအုပ်စု နောက်ဆုံးနေ့ကို မေ ၂၀ ရက်က မလေးရှားနိုင်ငံ၌  ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် သုံးယောက်တွဲပွဲစဉ်တွင် ကွာတားဖိုင်နယ်တက်ရောက် သွားသည်။

မြန်မာအသင်းသည် သုံးယောက်တွဲပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် မေ ၁၉ ရက် က အုပ်စုပထမပွဲအဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အနိုင်ရခဲ့သဖြင့် အုပ်စုနှစ်ပွဲစလုံး အနိုင်ရပြီး အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၂၁ ရက်တွင်  ဆက်လက် ကျင်းပမည်ဖြစ်ပြီး  မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကွာတားဖိုင်နယ်ပွဲများအဖြစ် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အိန္ဒိယအသင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 ရှိုင်းထက်ဇော်