၉ ဇန်နဝါရီ
ယခု တစ်ပတ်တွင် ဇာတ်လမ်း ဇာတ်အိမ် ဆန်းဆန်းပြားပြားဖြင့် ပရိသတ်ကြီးထံ ရောက်ရှိလာမယ့် မြန်မာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “သုံးရောင်ခြယ်” လို့ အမည်ပေးထားတဲ့ မြန်မာရုပ်ရှင် ဇာတ်ကားကြီးမှာ ဘဝပေး အခြေအနေကြောင့် ပြည့်တန်ဆာ ဘဝသို့ ရောက်ရှိနေကြတဲ့ အမျိုးသမီးငယ်လေးတွေရဲ့ ဘဝအကြောင်းကို သဘာဝကျကျ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားကို Mandalay Entertainment မှ ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးက ရိုက်ကူးထားကာ မင်းမော်ကွန်း၊ ခန့်စည်သူ၊ နေမျိုးအောင်၊ အိချောပို၊ ရွှေသမီး၊ ဒိန်းဒေါင်နဲ့ အခြားသရုပ်ဆောင် များစွာက ပါဝင်အားဖြည့် ထားကြပါတယ်။
ဒီဇာတ်ကားမှာ ဆင်းရဲမွဲတေမှု၊ မငြိမ်းချမ်းသည့် ဒေသများရှိ ပြည်သူများဘဝ မလုံခြုံမှုနှင့် အကြောင်း အမျိုးမျိုးတို့ကြောင့် လူကုန်ကူးခံရသည့် အမျိုးသမီးများ၏ ဘဝကို အဓိကထား ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။
သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၂ ရက်(သောကြာနေ့)မှ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဖြိုး(MDN)