ဇဗ္ဗူသီရိမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး

နေပြည်တော်  ၁၅   ဩဂုတ်

 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ပရဆေးဥယျာဉ်အနီး၌ ဩဂုတ် ၁၄ ရက် နံနက် ၆ နာရီ မိနစ် ၄၀ က ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြို့မဈေးပွဲရုံတန်း တာယာအရောင်းဆိုင်မှ ဝန်ထမ်းဖြစ်သူ ချစ်ငြိမ်းထက် (၃၄)နှစ်သည် သပြေကုန်း အဝိုင်းဘက်မှ မြို့မဈေးဘက်သို့ ပျဉ်းမနား- တောင်ညိုလမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာစဉ် ပရဆေးဥယျာဉ်အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ လမ်းဝဲဘက်ရှိ သံပေါင် တန်းများအား ဝင်ရောက်တိုက်မိတိမ်းမှောက်ပြီး ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားသောကြောင့် ချစ်ငြိမ်းထက်အား အမှတ်(၃)နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)