ဇေယျာသီရိကုန်တိုက် မီးလောင်မှု စားသောက်ဆိုင်တန်းဘက် ဝါယာရှော့ကြောင့် လောင်ကျွမ်းခြင်းဖြစ်

ဇေယျာသီရိ ၁၅ ဧပြီ

 

ဧပြီ ၁၄ ရက် ညနေပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် ဇေယျာသီရိကုန်ပဒေသာတိုက်အတွင်း မီးလောင်မှုမှာ စားသောက်ဆိုင်တန်းဘက် ဝါယာရှော့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မှန်ကွဲစထိမှန်မှုကြောင့် နှစ်ဉီးဒဏ်ရာရရှိခဲ့သည်။

 

ညနေ ၃ နာရီ ၇ မိနစ်ခန့်မှ စတင်လောင်ကျွမ်းခဲ့ကာ Level – 2 အဆင့်သတ်မှတ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ်ယာဉ်ရှစ်စီး၊ ရေသယ်ယာဉ်ငါးစီး၊ နေပြည်တော်ကောင်စီနယ်မြေ မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်အစီး ၂၀၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၅ ဦးတို့အပြင် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်းကြောင့် ၁၅ မိနစ်အတွင်း မီးညွန့်ကျိုးသွားပြီး ညနေ ၃ နာရီ ၄၇ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးငြှိမ်းသတ်စဉ် မှန်ကွဲစထိမှန်သည့် ဒဏ်ရာရရှိသူ (မစိုးရိမ်ရ) နှစ်ဦးရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံသို့ ဆေးကုသမှုခံယူခဲ့သည်။ ပဏာမစစ်ဆေးချက်များအရ မီးလောင်မှုမှာ ဝါယာရှော့ကြောင့် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးကြွင်းမီးကျန်များ မရှိစေရေးနှင့် ကျန်အဆောက်အအုံများ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်ဆဲဖြစ်သည်။

 

MDN