ဇေယျာသီရိမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြ

နေပြည်တော်       ဇူလိုင်       ၂၂

 

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးမှု သရုပ်ပြပွဲကို ခေတ်အေးကျေးရွာအုပ်စု တောင်သူ ဦးလှိုင်မင်း၏ စပါးစိုက်ခင်း၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲကို ကြည့်ရှုအားပေးသည်။ တောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုမြန်ဆန်ခြင်း၊ ပျိုထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ လေဝင်လေထွက် ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးထွက်နှုန်း ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)