ဇီးကုန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်

ဇီးကုန်း   အောက်တိုဘာ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာန ဇီးကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက သစ်နဖားကျေးရွာအုပ်စု၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သစ်နဖားကျေးရွာအုပ်စုမှ နိုင်ငံသား စိစစ်ရေးကတ် ၁၁၄ ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း ငါးခုအား ဒုတိယလဝကမှူး ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများက ကျေးရွာသူ ကျေးရွာသားများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ဇီးကုန်းမြို့နယ်တွင် မေ  ရက်မှ စတင်၍ ၁၈ လအတွင်း နိုင်ငံသား စိစစ်ရေးကတ် ၂၈၃၈ ခုအား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့်  နိုင်ငံသား စိစစ်ရေးကတ် ၈၁၄ ခု၊ အိမ်ထောင်စု လူဦးရေစာရင်း ၂၅၅ စုတို့ကို ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)