ဇီးကုန်း ဇွန် ၁၁

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဇွန် ၉ ရက်က သစ်နဖားရွာအခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်သည်။

 

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာဖတ်ခြင်းဖြင့်ရရှိစေနိုင်သည့်ကောင်းကျိုးများကို အသိပညာပေးရှင်းလင်းဟောပြောသည်။

 

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေနိုင်မည့် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသ ငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)