J&J ဆေးကုမ္ပဏီမှ ထုတ်လုပ်မယ့် ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ခံသူတစ်ဦး နေမကောင်းတဲ့အတွက် စမ်းသပ်မှု ရပ်ဆိုင်း

၁၃ အောက်တိုဘာ

 

Johnson & Johnson ဆေးကုမ္ပဏီမှ ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး စမ်းသပ်ခံသူတစ်ဦး နေမကောင်းတဲ့အတွက် စမ်းသပ်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း တနင်္လာနေ့ က  ကြေညာပါတယ်။

 

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ်ပိုး စမ်းသပ်မှု အဆင့် ၃ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးစမ်းသပ်မယ့်လုပ်ငန်းစဉ်တွေကို ခေတ္တရပ်ဆိုင်းကြောင်း၊ စမ်းသပ်ခံယူနေတဲ့ သူတွေထဲက တစ်ဦးဟာ အဖျားသွေးရှိလာတဲ့အတွက် ခေတ္တရပ်ဆိုင်းတာဖြစ်ကြောင်း ပြောပါတယ်။

 

J&J ရဲ့ စမ်းသပ်မှုရပ်ဆိုင်းတယ်ဆိုတာက စမ်းသပ်ခံမယ့် လူပေါင်း ၆၀,၀၀၀ အတွက် နာမည်စာရင်းပေးသွင်းခြင်းကိုပါ ရပ်ဆိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

 

J&J ရဲ့ စမ်းသပ်မှုတွင်အမေရိကန်နိုင်ငံတွင်းက နေရာ ၂၀၀ ကျော်နဲ့ ကမ္ဘာတစ်ဝန်းက နေရာအချို့မှ  ကာကွယ်ဆေးစမ်းသပ်ရန် လူပေါင်း ၆၀,၀၀၀ ပါဝင်ရန် ရည်ရွယ်ထားပါတယ်။ J&J က ထုတ်လုပ်မယ့်ဆေးဟာ ကုမ္ပဏီနဲ့ အမေရိကန် အမျိုးသား ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရပါတယ်။

 

ကာကွယ်ဆေးစမ်းသပ်ခံမယ်သူဟာ အမေရိကန်နိုင်ငံအပြင် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ၊ ကိုလံဘီယံ၊ မက္ကဆီကို၊ ပီးရူး နဲ့ တောင်အာဖရိက နိုင်ငံတွေဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး ထုတ်လုပ်နေတဲ့ တတိယအဆင့်ရောက်နေတဲ့ ကုမ္ပဏီ လေးခုထဲမှာ J&J လည်း ပါဝင်ကြောင်း သိရပါတယ်။

 

J&J က ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးဟာ အီဘိုလာ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နည်းဗျူဟာကို အသုံးပြုထားကြောင်း သိရပါတယ်။ J&J က ထုတ်လုပ်တဲ့ အီဘိုလာ ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ဇူလိုင်က ဉရောပသမဂ္ဂက ဈေးကွက်တင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

 

MDN

ကိုးကား - AFP