ဇလွန် ၁၀ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ မာန်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးတွင် နှစ်စဉ် ကျင်းပ ပူဇော်မြဲအတိုင်း၂၉ ကြိမ်မြောက် ဆီမီး ၉၀ဝ၀၊ ပန်း ၉၀ဝ၀၊ ရေချမ်း ၉၀ဝ၀ ကပ်လှူပူဇော်ပွဲကို သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့ အောက်တိုဘာလ ၁၂၊ ၁၃၊ ၁၄ ရက်နေ့တို့အထိ (၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဆီမီးကိုးထောင်၊ ပန်းကိုးထောင်၊ ရေချမ်းကိုးထောင် ကပ်လှူပူဇော်ပွဲကို သီတင်းကျွတ်လဆန်း (၁၄)ရက်၊ သီတင်းကျွတ်လပြည့်၊ လပြည့်ကျော်(၁)ရက် နေ့အထိ ဆီမီး ၊ ပန်း ၊ ဖယောင်းတိုင်၊ ရေချမ်း ၊လျှပ်စစ်ရောင်စုံမီးများကိုးထောင်ကျော် ဖြင့်သုံးရက်တိုင် ကပ်လှူပူဇော်မည်ဖြစ်ပြီးမီးပုံပျံ ၊ မီးရှူးမီးပန်းများဖြင့်လည်း ကပ်လှူပူဇော်မည်ဖြစ်ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


