ဇလွန်မြို့နယ် ကျေးရွာ(၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ဇလွန် ဒီဇင်ဘာ ၁၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ‌ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ(၄)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်​နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

‌ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များနှင့်အတူ အိုင်သလွန်ကျေးရွာတွင် အရှည် ၂၇၄၅ ပေ၊ အကျယ် ၈ ပေ၊ထု ၆ လက်မရှိ ကျေးရွာတွင်း ချောင်းကျောက်ခင်းခြင်း လုပ်ငန်းနှင့် ညောင်ကုန်းကျေးရွာတွင် အရှည် ၁၆၂၀ ပေ၊ အကျယ် ၈ ပေ၊ထု ၆ လက်မရှိ အုတ်ဘောင်ခတ်‌ ချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ညောင်ဝိုင်းကျေးရွာတွင် အရှည် ၁၁၅၅ ပေ၊ အကျယ် ၈ ပေ၊ထု ၆ လက်မရှိ အုတ်ဘောင်ခတ်‌ ချောင်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် နတ်စင်ဒေါင့်ကျေးရွာတွင် အရှည် ၁၁၅၅ ပေ၊ အကျယ် ၄ ပေ၊ ထု ၆ လက်မရှိ အုတ်ဘောင်ခတ်‌ ချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် မြို့နယ်ဦးစီးမှူးမှ ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါ ကျေးရွာ(၄)ရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၄၀၀)၊ ကျေးရွာပြည်သူထည့်ဝင်​ငွေ ကျပ်(၄၀)သိန်းကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးရွာသူ/ ကျေးရွာသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

 

မောင်ခိုင်