ဇလွန်မြို့နယ် မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဇလွန် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကိုယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပိုင်မြို့မစျေးသစ်အတွင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိဦးရန်လင်းထွဋ် ဦးဆောင်သောတပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ၊ စျေးကော်မတီဝင်များပူးပေါင်း၍ စျေးသူစျေးသားများအား မီးငြှိမ်းသတ်နည်းကိုဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။ 
ယင်းနောက်မီးသတ်ဆေးဘူးအသုံးပြုပုံ ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ လည်ကောင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများဖြင့် မီးငြှိမ်းသတ်မှုများကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ ဝန်ထမ်းများ ၊ ဈေးကော်မတီဝင်များနှင့် အတူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်လင်းနှင့် အဖွဲ့ဝင်များ၊ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်ထွန်းအောင် ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်တို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)