ဇလွန်မြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဇလွန်     မေ     ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက် နံနက်ပိုင်းက အထက()ဇလွန် အမျိုးသားကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

      

အခမ်းအနားကို ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားကာ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်းကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ပေးအပ်လှူဒါန်းကာ ကျောင်းသား ကျောင်းသူလေးများက ကျောင်းအပ်နှံရေးနေ့ သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ဝေယံ(ပြန်/ဆက်)