ဇလွန်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြား

ဇလွန် ဇွန် ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့ ဇွန် ၃ ရက်မှစ၍ ကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

 

ဇလွန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉၅)ကျောင်းရှိရာ အ.ထ.ကကျောင်း (၁၂)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၄)ကျောင်း၊ အ.လ.ကကျောင်း (၁၂)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၆)ကျောင်း၊ အ.မ.က မူလွန်ကျောင်း (၆)ကျောင်း၊ အ.မ.ကကျောင်း (၁၄၅)ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၄)ကျောင်းတို့တွင် စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းလွင်ဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)