ဇလွန်မြို့တွင် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများ တပ်ဆင်

ဇလွန် ၂၉ မေ 

 


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ယနေ့ မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လမ်းဘေးမီးတိုင်များတွင် အမှိုက်ခြင်းများ လိုက်လံတပ်ဆင်ပေးခဲ့ကြသည်။

 

ew3

 


အဆိုပါ အမှိုက်ခြင်းများ လိုက်လံတပ်ဆင်ပေးခြင်းကို ဇလွန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် လမ်းသွားလမ်းလာများ အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် ပြည်သူများမှလှူဒါန်းသော အမှိုက်ခြင်းများအား ဗိုလ်ချုပ်လမ်းမကြီး လမ်းဘေးမီးတိုင်များတွင် တပ်ဆင်ပေးခဲ့ကြပြီး လမ်းသွား လမ်းလာများ အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်ကြစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 


ဝေယံ - ဇလွန်(ပြန်/ဆက်)

 

k;lo