ဇလွန်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ဇလွန် မေ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မေ ၁၁ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ လိုက်လံအသိပညာပေး နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်း၊ သစ်ပင်ပြိုလဲခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်စေရန်၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်ရေး၊ အမိုးအကာအောက် ရောက်ရှိရေး ကြိုတင်ဆောင်ရွက်ရန်၊ အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့်  နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော မုန်တိုင်းသတင်းများကို အစဉ်မပြတ် ကြည့်ရှု နားထောင်ကြရန်တို့ကို လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ဝေယံ(ပြန်/ဆက်)