ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဇမ္ဗူသီရိ မေ ၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာ အသိပညာ​ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)က လူငယ်နှင့် ကျား/မအခြေပြု အကြမ်းဖက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော ဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက  မိမိတို့၏အမြင်များနှင့် ပတ်သက်၍  ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ လူငယ်များအတွက် တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်များ၊ ကဗျာများအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)