ဇမ္ဗူသီရိမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က လူကုန်ကူးခြင်းဆိုင်ရာ အကြောင်းအရာများ၊ လူကုန် ကူးသူများအသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ အဓိကပစ်မှတ်ထားသည့် နေရာများ၊ လူကုန်ကူးခြင်း ခံရနိုင်သူများ၏ အခြေအနေ၊ လူကုန်ကူးခြင်းခံရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုး များ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုနည်းလမ်းများနှင့် လူကုန်ကူးခြင်းခံရမှုများ လျော့နည်း ပပျောက်သွားအောင် လုပ်ဆောင်သင့်သည့်အချက်များ စသည့် အကြောင်း အရာများအား အကျယ်တဝင့် ဆွေးနွေး ခဲ့ကြသည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)