ဇင်ဘာဘွေ သမ္မတဟောင်း မူဂါဘီ အသက် ၉၂ နှစ် ကွယ်လွန်

၆ စက်တင်ဘာ

ဇင်ဘာဘွေ သမ္မတဟောင်း  ရောဘတ် မူဂါဘီ အသက် ၉၂ နှစ် အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ယနေ့ ကြေညာခဲ့ကြသည်။

 

ဇင်ဘာဘွေနိုင်ငံ တည်ထောင်သူ ဖြစ်ပြီး သမ္မတဟောင်း တစ်ဦးဖြစ်သူ ရောဘတ် မူဂါဘီ သေဆုံးခဲ့သည့်အတွက် အလွန်အမင်း ဝမ်းနည်းကြောင်းကို လက်ရှိ ဇင်ဘာဘွေ သမ္မတ ဖြစ်သူ အီမာဆွန် မန်ဂါဂဝါ က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီလကတည်းက စင်ကာပူ နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ကုသမှုခံယူခဲ့သည် ဟု ယုံကြည်ရကြောင်း ဖော်ပြထားသည်။

 

မူဂါဘီ သည် ၂၀၁၇ ခုနှစ် ဖြုတ်ချခံရသည်အထိ ဆယ်စုနှစ်လေးစု နီးပါး တောင်အာဖရိက နိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို