ဇွန်လ ကျင်းပမည့် ဂျပန် ၊ ရုရှား ထိပ်သီးဆွေးနွေးပွဲအကြို  နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး တွေ့ဆုံဆွေးနွေး

၃၁ မေ


ဂျပန် နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့သည် ဂျပန်တို့ပိုင်သည်ဟု ပြောဆိုသည့် ရုရှားထိန်းချုပ်ထားသော ကျွန်းလေးကျွန်းအပေါ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် တို့နှင့် ပတ်သက်ပြီး ၎င်းတို့၏ ဆွေးနွေးပွဲများကို ယနေ့ အဆုံးသတ်ခဲ့ကြောင်း ဖော်ပြထားသည်။


တာရို ကိုနို နှင့် Sergey Lavrov တို့သည် ငြိမ်းချမ်းရေးစာချုပ် ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ဆွေးနွေးခဲ့ကြသည်။

 

လာမည့်ဇွန်လတွင် ကျင်းပမည့် ဂျပန် - ရုရှား ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ကျွန်းလေးကျွန်းနှင့်ပတ်သက်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးစာချုပ် စသည်တို့ပါဝင်သည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းပြောရန် မျှော်လင့်ကြောင်း ကိုနိုက အစည်းအဝေးအစတွင် ပြောဆိုသည်။


Lavrov က နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့် ပြီး ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်များ တိုးချဲ့သင့်ကြောင်း ပြောကြားခဲ့သည်။


တာရို ကိုနို နှင့် Sergey Lavrov တို့သည် အမျိုးသားလုံခြုံရေး နှင့် ကျွန်းလေးကျွန်း၏ အချုပ်အခြာအာဏာ အပါအဝင် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖွယ်ရှိသည်။


ကိုးကား - အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို