ဇွန်လ လပတ်နှင့် (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျှ) မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ

၁-၆-၂၀၂၃

၂၀၂၃ ခုနှစ်၊ မေလ(တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေ၀သအ‌ခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ လပတ်နှင့် (ပထမ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျှ)မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များအကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖော်ပြအပ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

အနောက်တောင်မုတ်သုံလေသည် (၂၅.၅.၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့လည်းကောင်း၊ (၃၀.၅.၂၀၂၃)ရက်နေ့တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့လည်းကောင်း ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းခဲ့ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ကာ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် ခဲ့ပါသည်။ 

မိုးရွာသွန်းမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မေလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် ခန့်သာရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် မေလ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်း ခဲ့ပါသည်။

မိုးရွာရက်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး(ကော့သောင်းမြို့)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် (သထုံမြို့)တို့တွင် (၇) ရက်မှ (၈)ရက်၊ မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်မြို့)နှင့် ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းတို့တွင် (၅)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း(ခန္တီးမြို့)၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့်  ရခိုင်ပြည်နယ်(ဂွမြို့)တို့တွင် (၃) ရက်မှ (၄)ရက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး(ဟင်္သာတမြို့)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁)ရက်မှ(၂)ရက် မိုးထစ်ချုန်းရွာသွန်းခဲ့ပါသည်။

အမြင့်ဆုံးအပူချိန်အခြေအနေ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် မေလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ထက် (၈)ဒီဂရီဖာရင်ဟိုက်မှ (၉)ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆)ဒီဂရီ ဖာရင်ဟိုက်မှ (၇)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် (၄)ဒီဂရီဖာရင်ဟိုက်မှ (၅)ဒီဂရီဖာရင်ဟိုက်အထိနှင့် ချင်းပြည်နယ်တွင် (၂)ဒီဂရီ ဖာရင်ဟိုက် ပိုခဲ့ပါသည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့်တောင်ပိုင်း)တို့တွင် မေလ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန် ခန့်သာရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးတို့တွင် မေလ (တတိယ) ဆယ်ရက် ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိပိုခဲ့ကာ၊ ချင်းပြည်နယ်တွင် မေလ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်အောက် (၉)ဒီဂရီဖာရင်ဟိုက်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၅)ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် (၃)ဒီဂရီ ဖာရင်ဟိုက်စီနှင့်  ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ လျော့နည်းခဲ့ပါသည်။

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့်တောင်ပိုင်း)တို့တွင် (၅၈%)မှ (၆၅%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် (၆၆%)မှ (၇၅%) အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊  ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၆%)မှ (၈၄%)အတွင်း အသီးသီးရှိခဲ့ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၈ မီလီမီတာ)မှ (၄၆ မီလီမီတာ)အတွင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  ကယားပြည်နယ်တို့တွင် (၄၇ မီလီမီတာ)မှ (၅၄ မီလီမီတာ)အတွင်းနှင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် (၅၅ မီလီ မီတာ)မှ  (၆၂ မီလီမီတာ) အတွင်းနှင့် မကွေးတိုင်းဒေသကြီးတွင်  (၇၁ မီလီမီတာ) အသီးသီးရှိခဲ့ပါသည်။

(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအား   HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)

မြေဆီလွှာအောင်းရေအခြေအနေ

၂၀၂၃ ခုနှစ်၊ မေလ (တတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင်(ပြည့်ဝ) အခြေအနေ၊  စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်(စိုစွတ်) အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်(ခြောက်သွေ့)အခြေအနေ  အသီးသီးရှိခဲ့ပါသည်။

 ၂၀၂၃ ခုနှစ်၊ ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ အနောက်တောင်မုတ်သုံလေသည် မေလ (၂၉)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ ဇွန်လ(၃-၆)ရက်နေ့ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း၊ ဇွန်လ(၇-၁၀)ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမို အားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံ လေသည်  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်  အားအသင့်အတင့်  ရှိနိုင်ပါသည်။

မိုးအခြေအနေ

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးရွာရက်

မိုးရွာရက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၂) ရက်မှ (၂၈)ရက်ခန့်၊  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၁)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်  (၈)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (ပထမ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ အနောက်တောင်မုတ်သုံလေသည် ဇွန်လ(၁-၅)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း၊ ဇွန်လ(၆-၁၀)ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့လည်းကောင်း အသီးသီးဝင်ရောက် နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင်  လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။  ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

မိုးအခြေအနေ

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးရွာရက်

မိုးရွာရက်အနေဖြင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်  ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်  (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန