ဇန်နဝါရီလမှဖေဖော်ဝါရီလအတွင်း ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၈ ဘီလီယံ ဝင်ငွေရရှိ

နိုဝင်ဘာ ၁၇

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း ခရီးသွားလုပ်ငန်းမှ ပီဆို ၄၀၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၈ ဘီလီယံ) ဝင်ငွေရရှိကြောင်း ခရီးသွားလုပ်ငန်းဌာနက ယမန်နေ့ကပြောကြားသည်။

ယခုနှစ် ပထမ ၁၀ လအတွင်း ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုသည် လွန်ခဲ့သောနှစ် အလားတူကာလကထက် ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှု ၁၉၀ ရာခိုင်နှုန်းဝန်းကျင် ပိုမိုများပြားခဲ့သည်ဟု သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း  နိုင်ငံတကာခရီးသွား ၄ ဒသမ ၆၃ သန်းဝင်ရောက်ခဲ့သည်။

အဆိုပါခရီးသွားဝင်ရောက်မှုအရေအတွက်သည် ဖိလစ်ပိုင်အစိုးရ၏ ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းထားသည့် ခရီးသွားဝင်ရောက်မှု အရေအတွက်၏ ၉၆ ရာခိုင်နှုန်းနှင့်ညီမျှသည်ဟုသိရသည်။

နိုင်ငံ၏အဓိကစီးပွားရေးမောင်းနှင်အားတစ်ခုအနေဖြင့် ၂၀၂၂ ခုနှစ်က နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၆၅ သန်း ထက်မနည်းဝင်ရောက်ခဲ့မှုနှင့်အတူ ခရီးသွားလုပ်ငန်းသည် နိုင်ငံပြည်တွင်းထုတ်ကုန်၏ ၆ ဒသမ ၂ ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို