ဇန်နဝါရီလထုတ် သုတပဒေသာစာစောင်ထွက်ပြီ

ရန်ကုန် ၁ ဖေဖော်ဝါရီ

 

အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို  ဦးတည်ပရိသတ်အဖြစ်ထားပြီး အသွင်သစ်ဖြင့် ထုတ်လုပ်လိုက်သော သုတပဒေသာစာစောင် (ဇန်နဝါရီ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်သည်။

 

ဇန်နဝါရီလထုတ် သုတပဒေသာစာစောင်တွင် ဆရာဦးဟန်ညွှန့် (ဥပဒေ)၊ ကိုဇော်ဌေး (ယဉ်ကျေးမှု) ၊ သန်းစော (စီပီအေ)၊ ဒေါက်တာကျော်ဝင်း (ရန်ကုန်တက္ကသိုလ်)၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ မြသိန်းတို့၏ “မီဒီယာ၏အခန်းကဏ္ဍ” မျက်နှာဖုံးဆောင်းပါးများ၊ အေးဖြူ၊ ကြည်မင်း၊ ကျော်ဝင်းဟိန်း(ပခုက္ကူ)၊ မောင်ပေါ်ထွန်းတို့၏ အတွေးအခေါ်များနှင့် တက်ကျမ်းဆိုင်ရာ ဆောင်းပါးများ၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံတကာ ဆောင်းပါးများ၊ သဘာဝပတ်ဝန်းကျင် ရှုဒေါင့်ဆိုင်ရာ ဆောင်းပါးများ၊ မူးယစ်နှင့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ကဗျာ၊ ဟာသ၊ ဝတ္ထုတိုနှင့် ဖြစ်ရပ်မှန်များကို ရောင်စုံ၊ ဖြူ၊ မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

 

အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀ဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ်(တ-၅၅) နေပြည်တော် သပြေကုန်းဈေး ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ဝ၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင်အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၂၄၉၀၃၁၊ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

 

MDN